NSW မှာ ကူးစက်သူဦးရေ စံချိန်တင်၊ Victoria မှာ ကာကွယ်ဆေးထိုးသူဦးရေ ထင်ထားတာထက် ပိုများလို့ ပစ်မှတ်စောစောရောက်နိုင်

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ သြစတြေးလျတခွင်ရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

NSW Police and Australian Defence Force personnel at Olympic Park, Sydney

Source: AAP/Dan Himbrechts

  • NSW မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ စံချိန်သစ်များနေဆဲ
  • Victoria မှာ ကူးစက်သူ ၁၉ ၀ ရှိ၊ ကာကွယ်ဆေးထိုးသူလည်း များပြားလာ
  • ACT မှာ မနက်ဖြန်လောက်ကြရင် ကာကွယ်ဆေး အနည်းဆုံး တစ်ချောင်းထိုးပြီးသူ ၇၀% ရှိမယ်
  • SA ကျန်းမာရေးဌာနက pub နှစ်ခုကို ရောဂါပိုးရှိသူ သွားလာခဲ့တဲ့ Tier 1 အဖြစ် သတ်မှတ်

 

New South Wales
NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၅၃၃ ဦးရှိပြီး လူ ၄ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်သူ ၁၇၃ ဦးက အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရပြီး ၆၂ ဦးကတော့ ventilator ကို အသုံးပြုနေရပါတယ်။

ကျန်းမာရေးဝန်ကြီး Brad Hazzard ရဲ့ အဆိုအရ ကာကွယ်ဆေးထိုးနိုင်သူ လူဦးရေ ၇၂% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးသွားကြပြီလို့ ပြောဆိုပြီး ၄၀% နီးပါးကတော့ ၂ ချောင်းစလုံးကို ထိုးပြီးသွားကြပြီလို့ ပြောပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်နေတဲ့ ရပ်ကွက် ၁၂ ခုက ရဲတွေနဲ့ အရေးပေါ် လုပ်သားတွေ ဒီသတင်းပတ် မကုန်ခင်မှာ ကာကွယ်ဆေးထိုးကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

 ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။


Victoria
Victoria ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ ၁၉ ၀ ဦး တိုးလာပြီး အဲဒီအထဲက ၁၀၃ ဦးသာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု ရှိတာ ဖြစ်ပါတယ်။ လူ ၈၇ ဦးကတော့ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ကာကွယ် တစ်ချောင်းထိုးပြီးသူ လူဦးရေ ၇၀% ရောက်ရှိဖို့ ပစ်မှတ်ဟာ ထင်ထားတာထက် စောစီးရောက်မယ့် အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ အလုပ်အကိုင်ရေးရာဝန်ကြီး
Martin Pakula က ကို တိုးချဲ့လုပ်ဆောင်မယ်လို့ ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတဝှမ်းရဲ့ အခြေအနေ

Moderna COVID-19 ကာကွယ်ဆေးဟာ အသက် ၁၂ နဲ့အထက် လူတွေအတွက် လုံခြုံဘေးကင်းတယ်လို့ Therapeutic Goods Administration က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ACT မှာ ကိုဗစ်-၁၉ ကူးစက်သူ ၃၂ ဦးရှိပြီး အဲဒီအထဲက ၁၉ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ACT မှာ ဒီသတင်းပတ် မကုန်ခင် လူဦးရေ ၇၀% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးကြမှာ ဖြစ်ပါတယ်။

Queensland ပြည်နယ်မှာတော့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး အဲဒီအကြောင်းကို မနေ့ကတည်းက သတင်းမှာ ကြေညာပြီးသွားပြီ ဖြစ်ပါတယ်။

SA ပြည်နယ် ကျန်းမာရေးဌာနရဲ့အဆိုအရ အက်ဒလိတ်မြို့ မြောက်ပိုင်းက pub နှစ်ခုမှာ ရောဂါရှိသူ NSW ပြည်နယ်က ထရပ်ကားသမားတစ်ယောက် လာရောက်ခဲ့တဲ့အတွက် အဲဒီနေရာကို Tier 1 အဖြစ် သတ်မျတ်လိုက်ပြီး း ၁၄ ရက်ကြာ နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။

COVID-19 myths
Source: SBS
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့  အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

 
 
 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

 
 

Share
Published 4 September 2021 4:46pm
By SBS/ALC Content
Source: SBS


Share this with family and friends