Victoriaနယ်ဒေသမှာ ဒီနေ့လော့ခ်ဒေါင်းပြန်စတင်၊ NSW မှာ ကူးစက်သူ ၈၂၅ တိုးလာ

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

NSW Police conduct an operation in an attempt to head off an anti-lockdown protest in Sydney, Saturday, August 21, 2021.

NSW Police conduct an operation in an attempt to head off an anti-lockdown protest in Sydney. Source: AAP Image /Dan Himbrechts

 

  • Victoria ပြည်နယ်မှာ ကူးစက်သူ ၆၁ ဦးတိုးလာ၊ ပြည်နယ်တစ်ခုလုံးမှာ လော့ခ်ဒေါင်းချမှတ်
  • NSW မှာ ကမာ္ဘ့ကပ်ရောဂါစတင်တဲ့နောက် သြစီမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံး စံချိန်တင်
  • Queensland မှာ ဒီနေ့လည်း ရောဂါကူးစက်သူမရှိ
  • ACT မှာ ကူးစက်သူ ၈ ဦးတိုးလာ၊ အကုန်လုံး သီးသန့်ခွဲခြားနေတုန်း ကူးစက်ခံရသူဖြစ်
 


New South Wales
NSW မှာ စံချိန်တင်တဲ့နှုန်းနဲ့ ရောဂါကူးစက်သူဦးရေ တိုးလာပြီး ဒီကနေ့ကူးစက်သူ ၈၂၅ ဦးရှိပြီးတော့ ၃ ဦး သေဆုံးခဲ့ရပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ အသက် ၉ ၀ ဝန်းကျင်အရွယ်အမျိုးသား တစ်ဦး၊ ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသူ အသက် ၈၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ ဆေးတစ်ချောင်းထိုးထားတဲ့ အသက် ၉ ၀ ဝန်းကျင်အမျုးိသမီးတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။

NSW မှာ လော့ခ်ဒေါင်းချမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေမဖြစ်အောင် ရဲဌာနကနေ ရဲအယောက် ၁၅၀၀ ကို စေလွတ်ထားပါတယ်။ ဆစ်ဒနီမြို့ရဲ့ အဓိက ဘူတာတွေမှာ ရထားမရပ်တော့တာတွေနဲ့ မြို့လယ်မှာ တက္ကဆီကို အတူတူမျှဝေစီးတာမျိုးတွေကို ရဲက ပိတ်ပင်ထားပါတယ်။

ာ နေထိုင်တဲ့ အသက် ၁၆ နှစ်ကနေ ၃၉ နှစ်ကြားလူတွေအတွက် Pfizer ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဦးစားပေးထိုးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

 ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ကူးစက်သူ ၆၁ ဦးရှိပြီး အဲဒီအထဲက ၃၉ ဦးဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ် နယ်ဒေသတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုရှိလာနေပါတယ်။ အဲဒါကြောင့် ဒီကနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်း နယ်ဒေသ တစ်ခုလုံးကို လော့ခ်ဒေါင်းပြန်လည် ချထားလိုက်ပြီ ဖြစ်ပါတယ်။
နယ်ဒေသမှာ နေထိုင်တဲ့လူတွေနဲ့ Greater Melbourne မှာ နေထိုင်တဲ့ လူတွေအတွက် ကန့်သတ်တင်းကြပ်မှုတွေ အတူတူဖြစ်သွားပေမယ့် နယ်ဒေသမှာတော့ ည ၉ နာရီကနေ မနက် ၅ နာရီကို ကာဖြူးအချိန် သတ်မှတ်တာမျိုးတော့ မလုပ်ထားပါဘူး။

Australian Capital Territory
ACT မှာ ရောဂါ ကူးစက်သူ ၁၂ ဦးရှိပြီး တစ်ဦးကတော့ ဘယ်လို ကူးစက်သလဲ ဆိုတာကို ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ကင်ဘာရာမြို့မှာ ကူးစက်သူ ၉ ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် ဆေးရုံတင်ထားရတဲ့ COVID-19 လူနာ တစ်ဦးရှိပြီး  က အခုပေါင်း ၂၅၀ ရှိသွားပြီးတော့ အဲဒီအထဲမှာ အများပြည်သူသုံးယာဉ်လိုင်းတွေ၊ fast food ဆိုင်တွေနဲ့ ကလေးထိန်းကျောင်းတစ်ခု ပါဝင်ပါတယ်။

သင့်အနေနဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို လေ့လာပါ။ 

 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

  • ACT မှာ ဒီကနေ့ ကူးစက်ခံရသူ ၈ ဦး ရှိပြီး အဲဒီဒေသမှာ နေထိုင်တဲ့ အသက် ၁၂ အထက်အတွက် ဒီနှစ်မကုန်ခင် ကာကွယ်ဆေးတွေ ထိုးပေးဖို့ စီစဉ်နေပါတယ်။
  • Queensland ပြည်နယ်မှာ ဒီကနေ့လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိပေမယ့် အာဏာပိုင်တွေကတော့ အသက် ၁၆ နှစ်နဲ့အထက် ရှိသူတွေ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။
alc covid mental health
Source: ALC
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့  အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

 
 
 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

 
 
 


Share
Published 21 August 2021 3:42pm
By SBS/ALC Content
Source: SBS


Share this with family and friends