အဖြေရှာမရသော အခြေခံစားသောက်ကုန်အခက်အခဲ

Basic Food problem.jpg

ပျံကျဈေးတစ်ခု၏ နံနက်ခင်းမြင်ကွင်း

စစ်အာဏာသိမ်းတာ လေးနှစ်နီးပါးရှိလာတဲ့ မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေက အဆမတန်တက်လာနေပါတယ်။


ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လူတွေရဲ့ စားသောက်မှု ပုံစံတွေ ပြောင်းလဲလာပြီး ပုံမှန်စားနေကျမဟုတ်တဲ့ စျေးသက်သာတဲ့ အစားအသောက်တွေကို စားသုံးလာကြပါတယ်။

ထမင်းတစ်နပ် လျှော့စားတာ၊ ပုံမှန်စားနေကျ အသားနဲ့ ငါးတွေကို မစားတော့တာတွေအပြင် ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ထောက်ပံမှုတွေနဲ့ အခြေခံစားသောက်ကုန် အခက်ခဲတွေကို ဖြေရှင်းနေကြရတာပါ။

Share