၂၀၂၅ ဖေဖော်ဝါရီ ၃ ရက်အတွက် လျှပ်တပြတ် သတင်း

News Flash.jpg

SBS Audio Burmese News Flash

ဖေဖော်ဝါရီလ ၃ ရက်နေ့အတွက် လျပ်တပြတ်သတင်းမှာ ထိပ်တန်းရောက်နေတဲ့ သတင်းတွေကတော့ နိုင်ငံရေးသမားတွေကို လောင်းကစား ကုပ္ပဏီတွေ လျူဒါန်းမှုလုပ်တာက နိုင်ငံရေးသမားတွေအပေါ် လွမ်းမိုးမှု ဖြစ်စေနိုင်တယ်ဆိုပြီး စိုးရိမ်ကြတဲ့အကြောင်း ဩစတြေးလျနိုင်ငံဟာ ကလေးသူငယ်များ အခွင့်အရေးကို ကာကွယ်မှု ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောလိုက်တဲ့အကြောင်းန ဲ့ AFL အားကစား အက်ဆီဒန် ရဲ့ နာမည်ကြီး ကစားသမား Jade Gresham က Indigenous All Stars exhibition ပွဲကို အမြဲတမ်း ထားရှိသင့်တယ်လို့ ပြောဆိုတဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။


ကွင်းစလန်းပြည်နယ် မြောက်ပိုင်းမှာ စံချိန်တင်လောက်တဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရာနဲ့ချီတဲ့လူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

မိုးလေဝသဌာနက လာမယ့် ရက်တွေမှာလည်း မိုးသည်းထန်မှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကွင်းစလန်းပြည်နယ် ဝန်ကြီးချုပ် David Crisafulli က အခုလောလောဆယ် လူတွေရဲ့ လုံခြုံဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။

Share