ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ စစ်ကောင်စီအာဏာသိမ်းကာလမှာ ရက်စက်ကြမ်းကြုတ်ဆုံး လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ အချိန်တွေဖြစ်တယ်ဆိုတာကို လွတ်လပ်တဲ့သတင်း မီဒီယာတွေရဲ့ ဖော်ထုတ်မှုတွေ ၊ မျက်မြင်သက်သေတွေရဲ့ ပြောဆိုမှုတွေနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ တွေရဲ့ ပြန်ပြော တာတွေ ကတဆင့် တွေ့မြင်သိရှိနေကြရပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
![ICC Report.jpg](https://images.sbs.com.au/dims4/default/39920c2/2147483647/strip/true/crop/2048x1152+0+9/resize/1280x720!/quality/90/?url=http%3A%2F%2Fsbs-au-brightspot.s3.amazonaws.com%2F51%2F78%2F15149dc942bd8db7617c007c05d3%2Ficc-report.jpg&imwidth=1280)
၂၀၁၇ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် မြင်တွေ့နေရသော ရဲတပ်ဖွဲ့ဝင်တစ်ဦး
ကမ္ဘာတဝန်းက နိုင်ငံအများအပြားမှာ လူ့အခွင့်အရေးစံနှုန်းတွေ ဖွံ့ဖြိုးတိုးတက်နေပေမယ့် အာဏာရှင်စနစ်ကို အခြေခံတဲ့ တိုင်းပြည်တွေ ၊ စစ်အာဏာရှင်ကိုသက်ဆိုးရှည်စေဖို့အတွက် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး အာ ဏာရယူထားတဲ့ နိုင်ငံတွေမှာတော့ လူ့အခွင့်အရေးဆိုတာ အသက်သွေးချွေး မြောက်များစွာပေးဆပ်ပြီး တိုက်ပွဲ ဝင်နေရဆဲဖြစ်ပါတယ်။
Share